စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Ade Chandra

မာဗင်ဝေလျမ်စ်

မာဗင်ဝေလျမ်စ် သည် ၂၀၀၇ မှစ၍၊ “နေ့စဉ်ခွန်အား” အတွက် စာရေးခဲ့သည်။ အာဘီစီ၏ ဝတ်ပြုဆင်ခြင်ခြင်းစာအုပ် Our Daily Journey အတွက်လည်း ရေးသားသည်။ အမေရိကန်ပြည်ထောင်စု Michigan - Lansing ရှိ Trinity Church ၏ သင်ကြားသော သင်းအုပ်ကြီးဖြစ်သည်။ Taxas - Dallas ရှိ Bishop College နှင့် Illinois ပြည်နယ် Deerfield ရှိ Trinity Evangelical Divinity School တွင် ပညာသင်ကြားခဲ့ပြီး၊ Michigan ပြည်နယ် Grand Rapids တွင် သင်းအုပ်တာဝန် အတောများများကို ထမ်းဆောင်ခဲ့သည်။ ဇနီးမှာ Tonia ဖြစ်ပြီး ကလေး (၃) ဦး ရှိသည်။

ဂျူလီအက်ခမန်လင့်ခ်

ဂျူလီအက်ခမန်လင့်ခ် သည် စာရေးသားခြင်း၊ တည်းဖြတ်ခြင်း၊ ဒီဇိုင်းလုပ်ခြင်း၊ စာစီခြင်းလုပ်ငန်း - Blue Water Ink ကို မိတ်ဖက် တည် ထောင်သူ တစ်ဦးဖြစ်သည်။ စာအုပ်ရာချီကို တည်းဖြတ်ခဲ့ရာ၊ ဒစ္စကာဗရီ စာအုပ်တိုက် ထုတ်စာအုပ်အများစု အပါအဝင်ဖြစ်သည်။ ၂၀၀၀ ခုနှစ်မှစ၍ နေ့စဉ်ခွန်အား Our Daily Bread အတွက် ရေးသားလျက်ရှိပြီး၊ Above All; Love: Reflections on the Greatest Commandment စာအုပ်များကို ရေးသားခဲ့သည်။ အပြင် လေဟာပြင် တွင်ရှိနေခြင်း၊ မိတ်ဆွေများနှင့်အဓိပ္ပာယ်ပြည့်ဝသော စကားများ အပြန်အလှန် ပြောဆိုခြင်းတို့ကို ခုံမင်သည်။ ခင်ပွန်း Jay လည်း အမှုတော်မြတ်တွင် ၄င်းတို့၏ အသင်းတော်အားဖြင့် ပါဝင်လျက်ရှိပါသည်။

ဒေါက်တာဗာနွန်စီဂရောင်စ်

ဒေါက်တာဗာနွန်စီဂရောင်စ် သည် နေ့စဉ်ခွန်အားအတွက် ရေးသားပေးသူဖြစ်ပြီး၊ ၂၀၁၀ ခုနှစ် စက်တင်ဘာ (၁၂) ရက်၊ အသက် (၉၆) နှစ်အရွယ်တွင်၊ ခရစ်တော်၌ အိပ်ပျော်သည်။ ၁၉၉၃ မှ ၂၀၀၉ ခုနှစ်အတွင်း ဆောင်းပါး (၅၀၀) ကျော်ကို ရေးသားပေးခဲ့သည်။ Denver Seminary တွင် အနားယူဥက္ကဌနှင့် အဓိပတိဖြစ်ခဲ့ပြီး၊ ဟောပြောခြင်း၊ သင်ကြားခြင်း၊ နှစ်သိမ့်ဆွေးနွေးအကြံပြုခြင်း အမှုတော်ကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်ခဲ့သည်။ သူ၏ ဘုရားတရား မွေ့လျော်မှု ဥာဏ်ပညာတော်နှင့် စံနမူနာအသက်တာအတွက် အများက နက်ရှိုင်းစွာ သတိရ လွမ်းဆွတ်နေပါသည်။

For more of his life’s story >>

မာ့ဒီဟန်း

မာ့ဒီဟန်း သည် အာဘီစီ အမှုတော်မြတ်ကို ထူထောင်သူ ဒေါက်တာအမ်အာဒီဟန်း၏ မြေးတစ်ဦးဖြစ်ပြီး၊ အနှစ် (၄၀) ကျော် အာဘီစီ အမှုတော်အတွက် ဆက်ကပ်ခဲ့သော အနားယူ ဥက္ကဌ မစ္စတာရစ်ချက် ဒဗလျူဒီဟန်း၏သားဖြစ်သည်။ “မာ့” ကို Discover the Word” ရေဒီယိုအစီအစဉ်၌ ပုံမှန်ကြားရပြီး၊ Day of Discovery ရုပ်/သံ အစီအစဉ်တွင် တွေ့မြင်ရမည်ဖြစ်သည်။ “မာ့” သည် ဒစ္စကာဗရီ စာစဉ်များစွာကို ရေးသားခဲ့ပြီး၊ “Been Thinking About” ဟုခေါ်သော မျက်မှောက်ကာလ အကြောင်းကိစ္စများအကြောင်း လစဉ်ရေးသားနေသည်။ ဇနီး မှာ Diane ဖြစ်ပြီး၊ ကလေး (၂)ဦးရှိသည်။ “မာ့” သည့် အပြင်လေဟာပြင်ဘက်တွင် အချိန်ယူခြင်းကို ပျော်မွေ့ပြီး၊ အထူးသဖြင့် ငါးမျှားတံနှင့် ငါးဖမ်းခြင်း ကို နှစ်သက်သည်။

စင်(မ)ခေတီး

စင်(မ)ခေတီး သည် စင်္ကာပူအခြေစိုက်၊ အာဘီစီအမှုတော်မြတ် နိုင်ငံတကာရုံးတွင် ဆက်ကပ်နေရာ၊ စာဖတ်သူများအတွက် ဘုရားရှင်၏ မပြောင်းလဲသော နုတ်ကပတ်တော်၏ ကတိတော်များနှင့် ဥာဏ်ပညာတော်များကို သမ္မာကျမ်းဆိုင်ရာ အရင်းအမြစ်များအား၊ ဖွံ့ဖြိုးတိုးတတ် စေလျက်ရှိသည်။ နေ့စဉ်ခွန်အား Our Daily Bread အတွက် “ထိုးထွင်းသိမြင်ခြင်း Insights” ကိုရေးသားပြီး၊ ဒစ္စ်ကာဗရီစာစဉ်များ အတွက်လည်း ရေးသားသည်။ နုတ်ကပတ်တော်ဆိုင်ရာ စိတ်ထက်သန်မှုနှင့်အတူ၊ သင်ကြားဝေငှခြင်း၍လည်း စိတ်အားကြီးသည်။ နိုင်ငံအတော် များများ ရှိ အသင်းတော်များနှင့် ကွန်ဖရင့်များတွင် သမ္မာကျမ်းစာသင်ကြားပေးသူဖြစ်သည်။ ဇနီးသည်မှာ Lay Keng ဖြစ်ပြီး၊ သမီး (၃)ဦးရှိသည်။

လောဘကြီးသောငှက်များ

နှစ်စဉ်နှစ်တိုင်း ငှက်စာခွက်ကို ကျွန်မ ထုတ်လာတိုင်း ဝတ်ရည်စုပ်ငှက်များသည် ပျားပန်းခတ်လျက် နေရာလုကြသည်။ နေရာ (၄)
နေရာရှိပြီး အစာက အတူတူပင် ဖြစ်သော်လည်း
အရင်ရှိနေသည့် ငှက်၏နေရာကို လုသည်။
တိုက်ခိုက်ကြသည်။ ငှက်များ၏ လောဘကြီးမှု ကိုကြည့်ပြီး ကျွန်မခေါင်းခါယမ်းမိသည်။
သို့သော် မိမိ၏လောဘထက် ငှက် များ၏ လောဘကိုဘာကြောင့် ပို၍ မြင်လွယ် သနည်းဟု စဉ်းစားမိသည်။ ဘုရားသခင်တည်း ဟူသောတူညီသောအရင်းအမြစ်မှ ကောင်းသော အရာများကို ရရှိခံစားပြီး ကိုယ်တော်၏ အထောက်အမက ဘယ်တော့မှ မကုန်ဆုံး ကြောင်းကို ကျွန်မသိသော်လည်း “ဘုရားသခင်
၏ စားပွဲ” တွင် အခြားသူတစ်ဦး ရှိနေသည့်
နေရာကို ကျွန်မလိုချင်ခဲ့သည်။ ဘုရားသခင်သည် ရန်သူများရှေ့မှာပင် စားပွဲကိုခင်းပေးနိုင်ပါလျက် (ဆာ ၂၃း၅) မိမိလိုချင်သောနေရာကို အခြားသူက ရယူသွားမည်ကို အဘယ်ကြောင့် စိုးရိမ်နေပါသနည်း။
သခင်ဘုရားသည်…

ကယ်တင်ရာကျောက်

တစ်နှစ်က အပန်းဖြေခရီးထွက်ခဲ့စဉ် ရေကန်ကြီးတစ်ခု၏ ကမ်းစပ်တစ်လျှောက် လမ်းလျှောက်ထွက်ရင်း ကျောက်တုံးအပုံကြီး အနား ရောက်လာသော် ကျောက်တုံးကြီးများကြား ကွာဟနေသော နေရာလေးကို သတိပြုမိပြီး သေချာကြည့်လိုက်ရာ အပင်ငယ်လေး တစ်ပင်က အမြစ်တွယ်လျက် ပေါက်နေသည်ကို တွေ့ရ
သည်။ အပင်ငယ်လေးက နေရောင်ခြည်နှင့် ရေအလုံအလောက် ရရှိပုံပေါ်သည်။ အကာ
အကွယ်လည်းရှိသည်။ မိုးဘယ်လောက်ရွာရွာ၊
မုန်တိုင်းဘယ်လိုတိုက်တိုက် ယင်း၏ နူးညံ့သော
အရွက်လေးများကို ထိခိုက်မည် မဟုတ်ပေ။
အပင်ငယ်လေး၏ လုံခြုံစိတ်ချရသော
တည်နေရာလေးက “မြဲတည်ကျောက် ကျွန်ုပ်ဖို့ကွဲ၊ ခိုပါစေ ကိုယ်တော်အထဲ” ဟူသည့်
ဓမ္မတေးစာသားလေးများကို အမှတ်ရစေခဲ့သည်။ လူများ၏ မာန်မာနထောင်လွှား
မောက်မာမှု၊ ရက်စက်မှု၊ ဘုရားသခင်ကို မရိုမသေပြုမှု (ဆာ ၉၄း ၄-၇) စသည့် လူတို့၏ မကောင်းကြံ၊ အကောက်ကြံမှု ခံရချိန်တွင် ဤစာသားများအတိုင်း ခိုလှုံရာနေရာကို လိုချင်ကြသည်။ တစ်စုံတစ်ဦး၏…

ဂျနီဖာဘဲန်ဆင်ရွှတ်(ဂ)(ထ)

ဂျနီဖာဘဲန်ဆင်ရွှတ်(ဂ)(ထ) သည် ၁၉၉၇မှ စ၍ ပညာသားပါပါရေးသားခဲ့ပြီး၊ Cederville တက္ကသိုလ်မှ ဘွဲ့ရကာ၊ ပညာရပ်ဆန် သော စာရေးသူအဖြစ် သူမ၏ သက်မွေးမှုလုပ်ငန်းကို စတင်ခဲ့သည်။ လက်ရှိအနေဖြင့် Our Daily Journey အတွက် စာရေးသူနှင့် ဘလော့ဂ်ဂါ အဖြစ်လည်းကောင်း၊နေ့စဉ်ခွန်အား Our Daily Bread အတွက် စာရေးပံ့ပိုးသူအဖြစ်လည်းကောင်း၊ လုပ်ဆောင်နေသည်။ သူမ၏ ခွန်ပွန်း ဘော့(ဘ)၊ ကလေးနှစ်ဦးနှင့် ချီကာဂိုမြို့ ဆင်ခြေဖုံးတွင် နေထိုင်လျက်ရှိသည်။ သူမ၏ အားလပ်ချိန်တွင် ပန်းချီဆွဲခြင်း၊ ကဗျာဖတ်ခြင်း၊ မိသားစုနှင့်လမ်းလျှောက်ထွက် စကားပြောခြင်းတို့ကို ပြုလုပ်သည်။ သူမ၏ အနှစ်သက်ဆုံးကျမ်းပိုဒ်တစ်ခုမှာ “အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတပါး၊ အဘယ်ပူဇော်သက္ကာကို ထာဝရဘုရား တောင်းတော်မူသနည်း” (မိက္ခာ ၆း၈) ဖြစ်ပါသည်။

နာကျင်နေသော်လည်းကစားသည်

ဘေ့စ်ဘောအားကစားတွင် ဘောလုံး ဖမ်းကျွမ်းကျင်သူ 'ဂရေးကာတာ' သည် ခရစ်တော် နောက်လိုက်တစ်ဦးဖြစ်သည်။ ကစားသမား သက်တမ်း ၁၉ နှစ်တာ ကာလအတွင်း ဘုရား သခင်အပေါ် ယုံကြည်စိတ်မှ ခွန်အားနှင့်ခံနိုင်ရည် များရယူပြီး ပြိုင်ပွဲဝင်ခဲ့သည်။ အသက် ၅၇ နှစ်
အရွယ်တွင် ဦးနှောက်ကင်ဆာဖြင့် 'ကာတာ'
ကွယ်လွန်ပြီး မကြာမီမှာ ဝေါလ်စထရိဂျာနယ် ဆောင်းပါးတစ်ပုဒ်၌ စာရေးဆရာ 'အင်ဒရူး ကလာဗင်' က သူ့ဘဝ၌ 'ကာတာ'၏ လွှမ်းမိုးမှု ရှိခဲ့ကြောင်း ပြောပြခဲ့သည်။
၁၉၈၀ ပြည့်နှစ်များတွင် 'ကလာဗင်'
သည် ဘဝ၏ အဆိုးဆုံးအခြေအနေ၌ နစ်မြုပ်ခဲ့ပြီး မိမိကိုယ်ကိုသတ်သေရန်သာ တွေးနေသည်။ ထိုအချိန်တွင် 'ကာတာ'၏ အသင်း နယူးယော့ မက်ထ်စ် အနိုင်ရရှိခဲ့ပြီး၊ အရွယ်ရနေပြီဖြစ်သော ဘောလုံးဖမ်းသမားကြီး 'ကာတာ'က အားသွန်ခွန်စိုက်ပြေးကာ အဆုံးအဖြတ်ပေးမည့် အရေးကြီးလှသည့် အမှတ်ရအောင်ယူပေးခဲ့သည်။ ဒူးများနာကျင်နေသော်လည်းမည်သို့…

စကားလုံးတိုင်းက အရေးကြီး၏

'ကင်း ပိခ်' သည် သာမန်ထက်ပို၍
မှတ်ဥာဏ်ကောင်းသော ဥာဏ်ကြီးရှင် ဖြစ်ပြီး ရှိတ်စပီးယား ပြဇာတ်အားလုံးကို သူအလွတ် ကျက်မှတ်သည်။ တစ်ခါက Twelfth Night ပြဇာတ်ကနေစဉ် မင်းသားက စာသားတစ်
ကြောင်း ကျော်ပြောမိခြင်းကို သူ သတိပြုမိပြီး ရုတ်တရက် 'ရပ်လိုက်' ဟု အော်ပြောလိုက်သည်။ မင်းသားက ဝန်ခံတောင်းပန်ရင်း “ဘယ်သူမှ
စိတ်အနှောင့်အယှက်ဖြစ်မှာမဟုတ်ဘူးထင်လို့ပါ” ဟုဆိုရာ၊ “ရှိတ်စပီးယား ကတော့ ဖြစ်မှာပေါ့” ဟု သူတုံ့ပြန်ခဲ့သည်။
စကားလုံးများက အရေးကြီးသည်။ အထူးသဖြင့် ဘုရား၏နှုတ်ထွက်စကားဆိုလျှင် အတိုင်းထက်အလွန်ပါ။ “ငါမှာထားသောစကား၌ သင်တို့သည် အသစ်မသွင်းရ။ အလျှင်း မနုတ်
မပယ်ရ။ ငါမှာထားသည်အတိုင်း သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော် တို့ကို စောင့်ရှောက်ရကြမည်” (တရား ၄း ၂) ဟု မောရှေက ဣသရေလလူတို့ကို သတိပေးသည်။ အတိတ်က…